မအီမြို့တွင် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို တောင်ကုတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မအီမြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံသို့ ယမန်နေ့နေ့လယ်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြသည်။