ရခိုင်ပြည်နယ်

ကျောက်တော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်အခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ မြို့နယ်အဆင့် အ​​ခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြည်တော်သာရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ငပလီဆောင်းဦးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်ရဲ့ အဓိကခရီးစဉ်တစ်ခုဖြစ်သည့် ငပလီကမ်းခြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အေးချမ်းသာယာစွာ လာရောက်အပန်းဖြေအနားယူနိုင်ကြောင်း အသိပေးနှိုးဆော်သည့်အနေဖြင့် ကျင်းပပြုလုပ်မည့် ငပလီဆောင်းဦးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌   တိုင်းရင်းသားရေးရာဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  တိုင်းရင်းသားရေးရာဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန် ၄ မိုင်ရပ်ကွက်၊ မကျည်းကုန်းကျေးရွာတွင်ပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် နယ်လှည့်ဈေးရောင်းပွဲတော် ကျင်းပ

နိုင်ငံတစ်ဝန်း ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး သီတင်းကျွတ် ဈေးရောင်းပွဲတော်များကိုလည်း ကျင်းပလျက်ရှိရာ ဂွမြို့နယ်တွင်လည်း သီတင်းကျွတ်နယ်လှည့်ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ (၂၇) ရက်မှ နိုဝင်ဘာလ (၁)ရက်အထိ မြို့နယ်စည်ပင်သာယာပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌   ခရိုင်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ခရိုင်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

(၃၃)ကြိမ်မြောက် ပေါက်တောမြို့နယ်လုံးဆိုင်ရာ ပိဏ္ဍပါတံဆွမ်းတော်ကြီးလောင်းလှူပွဲ သီတင်းကျွတ်လပြည့်နေ့၌ကျင်းပမည်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ပရဟိတရွှေပန်းထိမ်လူငယ်အဖွဲ့နှင့် ပေါက်တောလူမှုကူညီမှုအသင်း (Pauktaw Human Rescue) အသင်းတို့၏ ဦးဆောင်မှုဖြင့် သီတင်းကျွတ်လပြည့်နေ့ နံနက်(၅)နာရီအချိန်တွင် ပေါက်တောမြို့ရှိ ဦးဥတ္တမလမ်းတစ်လျှောက် ပိဏ္ဍပါတံဆွမ်းတော်ကြီးလောင်းလှူပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

မာန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ မြို့နယ်အဆင့် အခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မြို့နယ်အဆင့် အ​​ခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၉နာရီက မာန်အောင်မြို့အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေသန့်စက်ရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေသန့်စက်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ယမန်နေ့နေ့လယ် ၁ နာရီအချိန်က  မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်