မွန်ပြည်နယ်

ပေါင်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲမှု ကွင်းသရုပ်ပြပွဲနှင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲမှု ကွင်းသရုပ်ပြပွဲနှင့် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်က သရုပ်ပြကွင်းဆင်းပြုလုပ်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်း ထွန်းလုပ်ငန်းခွင် အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်းသို့ တက်​ရောက်​နေကြသည့် သင်တန်းသား၊ သင်တန်းသူများအတွက် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၅ ရက်​နေ့တွင် ကျ​ရောက်သည့် ကမ္ဘာ့ဆရာများ​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ​မော်လမြိုင်ပညာ​ရေးဒီကရီ​ကောလိပ်တွင် တက်​ရောက်​နေကြသည့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ ​နေထိုင်စား​သောက်မှုအဆင်​ပြေ​စေ​ရေးနှင့် စိတ်​အေးချမ်းသာစွာ သင်တန်း တက်​ရောက်နိုင်​ရေးအတွက်

ကျိုက်ထိုမြို့နယ်တွင် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ (အခမဲ့ ) စစ်ဆေးပေး

မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ အဆုတ်ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းစေရေးအတွက် ရွေ့လျားကွန်ပျူတာဓါတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၅ ရက် နံနက် ပိုင်းတွင် ကျိုက်ထိုမြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကမာဝက်မြို့၌ လူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံများ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်း မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကမာဝက်မြို့အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ PPE Level (3)များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ​ကျင်းပ

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်၍ ရပ်ကွက်/ ကျေးရွာများအလိုက်  အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးနေကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင်  ကမ္ဘာ့ဆရာများနေ့  အထိမ်းအမှတ်   အသိပညာပေး (Talk Show)ကို  ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ် Community Centre တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု မော်လမြိုင်တို့ပူးပေါင်းပြီး မြို့နယ်(ပြန်/ဆက်)ရုံး Community Centre ခန်းမတွင် ယမန်နေ့နံနက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးသက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ စစ်ကြောင်း​(၅)ကြောင်း​ဖြင့်​ ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရေးကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်  အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က မုကွဲ​ကျေးရွာခန်းမတွင်ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုး‌ရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁)က ကြီးကြပ်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့နေ့ လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ ‌မုပွန်ရပ်ကွက်သို့ ကွင်းဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Subscribe to မွန်ပြည်နယ်