သံဖြူဇရပ်မြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ)တစ်ဧက အထွက်နှုန်းတိုးတက်ရေး တောင်သူ နည်းပညာပေးသင်တန်း ဖွင့်လှစ်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံ(နေကြာ)စိုက် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က ဝယ်ဝင်ကရာကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။