မွန်ပြည်နယ်

မုဒုံမြို့နယ်ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၄၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုရာလှေလှော်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်  မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၄၈) ကြိမ်မြောက် သီတင်းကျွတ်လပြည့် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။

(၁၄၈) ကြိမ်မြောက် မုဒုံမြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်၏ (၁၄၈) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲကို ယနေ့ (သီတင်းကျွတ်လပြည့်) နေ့ နံနက် ၇ နာရီက မြို့တွင်းလမ်းတစ်လျှောက်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် သက်ကြီးပူဇော်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ၏ သီတင်းဝါလကျွတ်ချိန်ခါသာမယ စတုတ္ထအကြိမ်မြောက် ကျေးရွာလုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ဒုံဝန်းဘုရားငါးဆူဓမ္မာရုံ၌ ကျေးရွာရပ်မိရပ်ဖများ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲပြုလုပ်ရန် ဩဝါဒစရိယ ဆရာတော်ကြီးများထံ ဩဝါဒခံယူပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲပြုလုပ်ရန် ဩဝါဒစရိယ ဆရာတော်ကြီးများထံ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်၉ နာရီတွင်ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာရှိ တောင်သူများအား(RPF)စီမံကိန်း ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေကျပ်သိန်း(၃၀၀)လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် အရင်းအနှီးများရရှိစေရန်၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများရရှိစေရန်၊ ဒေသထွက်ကုန်အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့်လုပ်ကိုင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (RPF)စီမံကိန်းရွာဖြစ်သည့် ဒေါင်းရပ်အရှေ့ကျေးရွာ အသက်မွေးဝမ်းကျောင်းအဖွဲ့(၄)ဖွဲ့အား ယမန်နေ့က(ကျေး/လက်)ဌာနရုံး အစည်းအဝေးခန်းမတွင် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပသည်။

မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (မုဒုံမြို့)တွင်  အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ  အခမ်းအနားကို  ယနေ့နံနက်  ၈ နာရီက  အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်၀န်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နေ့ နံနက် (၉) နာရီက မော်လမြိုင်မြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

အခြေခံ ရှေးဦးပြုစုခြင်း အမှတ်စဉ် (၅/၂၀၂၂) သင်တန်းတွင် ဆုရရှိသူများအား ဆု ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် ဖွင့်လှစ်ခဲ့သော အခြေခံရှေးဦးပြုစုခြင်း အမှတ်စဉ် ( ၅/၂၀၂၂ ) သင်တန်း၌ ဆုရရှိခဲ့သော သင်တန်းသူများကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ဆုချီးမြှင့်ပေးအပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ​ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနား တက်​ရောက်

မွန်ပြည်နယ်အတွင်း စည်းကမ်းရှိပြီး စနစ်ကျသည့် လူမှုပတ်ဝန်းကျင် ဖော်ဆောင်၍ အဓိကကျသည့်အုပ်ချုပ်ရေး၊  စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ​ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ အခမ်းအနားကို
Subscribe to မွန်ပြည်နယ်