မွန်ပြည်နယ်ဝန်ကြီးချုပ် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံး အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်းအနား တက်ရောက်
၂ဝ၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မွန်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရ အဖွဲ့၀င်၀န်ကြီးများ ပြည် နယ်အဆင့်ဌာနဆိုင်ရာများ အမျိုးသားဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။