ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိ ပညာပေးဟောပြောပွဲကျင်းပ ဆောင်ရွက်
မွန်ပြည်နယ် အကျဉ်းဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်အချုပ်ထောင်၌ တာ၀န်ထမ်းဆောင်နေသော ၀န်ထမ်းများနှင့် ၀န်ထမ်းမိသားစု၀င်များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး ဟောပြောပွဲကို မော်လမြိုင်အချုပ်ထောင်ဓမ္မာရုံ၌ ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။