မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ် ကော့ဘိန်း(စံပြကျေးရွာ)၌ ယမန်နေ့နံနက် ၁၀ နာရီတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အပိုဝင်ငွေရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း) သင်တန်းကို ကျေးရွာမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဖွင့်လှစ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပွင့်နေခြည်ဇာတ်သဘင်အဖွဲ့အား ထောက်ပံ့ငွေ ပေးအပ်

အောက်တိုဘာ ၅ ရက်နေ့က မြဝတီအာရှလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသဘင်အစည်းအရုံးဝင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ပွင့်နေခြည်ဇာတ်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်းရှိ သဘင်အဖွဲ့အစည်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တာယာစက်ရုံ အ‌ခြေခံပညာအလယ်တန်းကျောင်း၌ ရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြိုနယ် ကြာပန်းကျေးရွာ၊ တာယာစက်ရုံဝန်းအတွင်းရှိ အလက (တာယာစက်ရုံ‌) ကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပညာရေးမှုးရုံးတို့ ပူးပေါင်းကာ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ အသက်(၂)လမှ (၂)နှစ်အောက်ကလေးများအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အသက်(၂)လမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် တိုက်ကျွေးခဲ့သည်။

ဒုံဝန်းကျေးရွာ၊ ရွှေကြာရံစေတီတော်မြတ်ကြီး ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စည်ကားစွာကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ရွှေကြာရံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေကြာသင်္ကန်း‌တော် ကပ်လှူပူဇော်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။

ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သုံးရက်တိုင်တိုင်ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော်  ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် (၆)ရက်မှ (၈)ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပလေ့ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာန တာဝန်ရှိသူများ စစ်ကြောင်း(၅)ကြောင်း ဖြင့်ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် ယမန်နေ့က၊ ရွာလွတ်​ကျေးရွာဘက်စုံသုံး ခန်းမတွင်ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနတာဝန်ရှိသူများ စစ်ကြောင်း (၅) ကြောင်းဖြင့် ပြည်သူများ၏လိုအပ်ချက် ဖြည့်ဆည်းရေးကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရွာလွတ်​ကျေးရွာဘက်စုံသုံး ခန်းမတွင်ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာလွတ်ဈေးတွင် မီးဘေးလုံခြုံမှုရှိစေရေး မီးသတ်ဆေးဗူးနှင့် မီးချိတ်မီးကပ်များစစ်ဆေး

ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် မီးဘေးပြဿနာများ မဖြစ်ပေါ်စေရေးအတွက် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအား မီးဘေးလုံခြုံမှုရှိစေရေး၊ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို ယနေ့နံနက်က မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရွာလွတ်ဈေး အတွင်းမီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျိုက်ထိုမြို့နယ် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို အောက်တိုဘာ ၁၁ ရက် နံနက်၉နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်