ကျိုက်ထိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေး
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ နံနက် (၆) နာရီမှ စတင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီး၌ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။