ချောင်းဆုံမြို့နယ်၌ အေးချမ်းစွာ ဆန္ဒမဲပေးသူများပြား

ချောင်းဆုံ  ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများအတွင်း မဲရုံများတွင် ယနေ့နံနက်ပိုင်းကစတင်ပြီး မဲဆန္ဒရှင်ပြည်သူအများအပြား ဆန္ဒမဲပေးလျက်ရှိကြသည်။

မြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး နှင့်       မဲရုံဝန်ထမ်းများက မဲပေးစက်များ မှန်ကန်ကောင်းမွန်စွာ အသုံးပြုနိုင်၍ မဲပုံးအတွင်း Clear ဖြင့်ကြောင်း   အသိသက်သေများ၏ရှေ့မှောက်တွင် ပြသ၍လုံခြုံရေးကြိုးများဖြင့် စနစ်တကျပိတ်ပြီး နံနက် ၆ နာရီတွင် မဲရုံဖွင့်လှစ်ကြောင်းနှင့်ဆန္ဒမဲပေးခွင့်ရှိသူပြည်သူများ စတင်မဲပေးနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာ သည်။

ထို့နောက် မဲဆန္ဒရှင်ပြည်သူများအား မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ မဲထည့်ခြင်း၊  မဲထည့်ပြီးကြောင်း အမှတ်အသားအဖြစ်လက်သန်းတွင် မင်တို့ခြင်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူပြည်သူများကလည်း မိမိတို့၏ဆန္ဒအလျောက် လွတ်လပ်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၁၁၇၀၃၁)ဦး ရှိပြီး မဲရုံပေါင်း (၇၃)ရုံရှိရာ သက်ဆိုင်ရာမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ  မဲပေးလျက်ရှိကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)