မွန်ပြည်နယ်

ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ အကြိမ်(၂၀)မြောက် မြတ်မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

နှစ်စဉ်ရိုးရာမပျက် ပြုလုပ်ကျင်းပမြဲဖြစ်သော ကျိုက်မရောမြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ အကြိမ် (၂၀) မြောက် မြတ် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို ယမန်နေ့ညနေ ၆ နာရီက ဘုရားကြီးဝင်းရှိ ရက်ကန်းစင်မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒုံဝန်းကျေးရွာ၌ တိပိဋသန္တာဝါသဉာဏ်ဝေယံကျောင်းဆောင် ကျောင်းလွှတ်ပူဇော်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက်အတွင်း ရပ်နီးရပ်ဝေးအလှူရှင်များစုပေါင်း၍ သံဃိကအဖြစ် ရည်စူးလှူဒါန်းသည့် တိပိဋသန္တာဝါသ “ဉာဏ်ဝေယံ” ကျောင်းဆောင်ကျောင်းလွတ်ပူဇော်ပွဲကို ယနေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကား

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ယနေ့တန်ဆောင်မုန်းလ ပြည့်နေ့တွင် နံနက်ပိုင်းမှစတင်၍ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ရွေသင်္ကန်းအနားကွပ်တော် ရတနာမြတ်ကပ်လှူပူဇော်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ရွှေသင်္ကန်းကွပ်တော်ရတနာမြတ် ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက် နာရီအချိန်က မြတ်ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော် ခန်းမဆောင်ကြီး၌ ဆင်ယင်ကျင်းပ ပြုလုပ်ရာ ကျိုက္ခမီမြို့ သြဝါဒစရိယ ဆရာတော်ကြီးများ၊ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြတ်ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။

မုဒုံမြို့၌ ဘုရားစေတီပုထိုးများတွင် (၉၆) ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်

မွန်ပြည်နယ် မုဒုံမြို့တွင် (၉၆) ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ညက သမိုင်းဝင် ဆံတော်ရှင်ကန်ကြီး စေတီတော်ရင်ပြင်၌ ကျင်းပသည်။

မော်လမြိုင်မြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဆွမ်းအိုးမျှောကပ်လှူပွဲနှင့် စတုဒိသာများကျွေးမွေး

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ဝါလကင်းလွတ် သီတင်းကျွတ်မီးထွန်းပွဲတော်အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ နံနက်အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့်အခါ ကြီးရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါနစတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများတွင် ဧည့်ခံ ကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြသည်။

ကျိုက်မရောမြို့ ဆုတောင်းပြည့် ဘုရားကြီးတွင် အကြိမ် (၂၀)မြောက် မသိုးမြတ်သင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲ  စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာလူမျိုးတို့၏  ဘာသာတရား ကိုင်းရှိုင်းမှု ၊ယဥ်ကျေးသိမ့်မွေ့မှုနှင့် စေတနာ သဒ္ဒါတရား ထက်သန်မှုကို ဖော်ညွှန်းပြသသည့်ပွဲတော် တစ်ခုဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ  နှစ်စဉ် ရိုးရာမပျက် ကထိန်လျာ မြတ်သင်္ကန်း မသိုးသင်္ကန်း ရက်လုပ်လှူဒါန်း ပူဇော်ပွဲကြီးကို နိုဝင်ဘာ ၆ ရက်နေ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ည ၇နာရီ အချိန်မှစတင်ကာ ကျိုက် မရောမြို့ ဆုတောင်းပြည့်ဘုရား ကြီးဝင်းအတွင်းရှိ မဏ္ဍပ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

မုဒုံမြို့၌ ( ၉၆ ) ကြိမ်မြောက် သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၏ ကျက်သရေဆောင်သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ကာ စေတီတော်အတွင်း ရက်လုပ်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်မြို့ ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်တော်စေတီတော်မြတ်၊ ဌာပနာတော်များထည့်သွင်းပူဇော်ပွဲအခမ်းအနားနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါ

မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူမည့် ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်တော်စေတီတော်မြတ်၊ ဌာပနာတော်များထည့်သွင်းပူဇော်ပွဲအခမ်း အနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင် စေတီတော်မြတ်ရင်ပြင်တော်၌၊ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် ပွဲတော်ကျင်းပရန်ငွေပဒေသာပင်နှင့် လှူဖွယ် ပစ္စည်းများပို့ဆောင်လှူဒါန်း

ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အား သာသနာတော်သက္ကရာဇ် ၂၅၆၆ ခု - မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တန်‌ဆောင် မုန်းလပြည့်နေ့ နိုဝင်ဘာ ၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ လှူဒါန်းမှုပစ္စည်းများအား သတ်မှတ်နေ့ရက် ဖြစ်သည့် နိုဝင်ဘာ ၅ ရက်နေ့တွင် ဌာနဆိုင်ရာများ၊ အ‌ခြေခံပညာရေးကျောင်းများ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၊ အသင်းအဖွဲ့များ၊ ပုက္ကလိကအလှူရှင်များ၊ ရပ်ဝေးရပ်နီးမှအလှူရှင်များကစုပေါင်း၍ မဟာဘုံကထိန်ပွဲကျင်းပမည့် မြို့နယ်သာသနဗိမာန်တော်သို့ လာရောက်ပို့‌ဆောင်လှူဒါန်းခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်