မွန်ပြည်နယ်

မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရှိ လုပ်သား ပြည်သူများအနေဖြင့် အားကစားနှင့် စိတ်ဓာတ်ခွန်အား မြင့်မားလာစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ(၄၀၀)ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ဘုရားလာရောက်ဖူးမြှော်ကြသည့် ပြည်သူ (၃၀၀၀)ဦးခန့်အား ဘုရားပေါ်သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ နိုဝင်ဘာ(၃)ရက်(၄)ရက်နေ့တို့တွင် ဘုရားလာရောက်ဖူးမြှော်ကြသည့် ဘုရားဖူးပြည်သူ (၃၀၀၀)ဦးခန့်အား ဘုရားပေါ်သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ပေါင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကျင်းပ

ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အခြေခံပညာမူလတန်းလွန်(ကမ်းနား)ကျောင်း၌ မြို့နယ်ရုံးဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် နေကြာစိုက်ပျိုးသည့်တောင်သူများအား နေကြာမျိုးစေ့များဖြန့်ဝေ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် “စားသုံးဆီဖူလုံဖို့နေကြာသီးနှံ စိုက်ကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာသိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား နေကြာမျိုးစေ့များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာ ဖြင့်ရောင်းချပေး

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တောင်သူများစပါးသီးနှံစိုက်ပျိုးမှုနှင့်အခြားစိုက်ပျိုး ရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်းစေရန် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက်ပိုင်းက တတိယအသုတ်အဖြစ် ရောင်းချပေးလျက်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက လုထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

သထုံခရိုင်လူထုအ‌ခြေပြုဗဟိုဌာနခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလဲပိုင်းက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သံဖြူဇရပ်မြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး အုတ်မြစ်ချ မင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၏ အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၊ (၁၆၀) ပေ၊ (၈၀) ပေ (၄) ထပ် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး(Talk-Show)ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (talk-Show)ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်