မွန်ပြည်နယ်

မော်လမြိုင်မြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိဓမ္မာရုံခန်းမ၌ ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁၂) နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာတွင် မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲဆောင်ရွက်

မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ ကွင်းအမှတ်(၈၁၃) ဦးပိုင်အမှတ် (၆၆/ခ) တောင်သူဦးသိန်း၀င်း၏ ပေါ်ဆန်းရင် စံပြမိုးစပါးစိုက်ခင်း(၁၀)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၌ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်၊ ပဲခူးစုတွင် ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က လျှပ်စစ်မိန်းခုံမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်အသိပေးနှိုးဆော်မှု လိုက်လံဆော်ဩမှုများဆောင်ရွက်

ပွင့်လင်းရာသီရောက်ရှိလာပါပြီဖြစ်၍ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မှကင်းဝေးစေရန် မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညဦးပိုင်းတွင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနက(နတ်မှော်ကျေးရွာ)ချောင်းဆုံ(အရှေ့၊ အနောက်၊ တိုးချဲ့)ရပ်ကွက်တို့တွင် မီးဘေးအန္တရာယ်လုံခြုံရေး ဆော်ဩနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့၌ ကျိုက်ထိုမြို့နယ်တွင် စတုဒီသာကျွေးမွေး လှူဒါန်းသူများဖြင့်စည်ကား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်‌ကျော်(၁)ရက် နိုဝင်ဘာ(၈)ရက်နေ့၌ စတုဒီသာကျွေးမွေးလှူဒါန်းသူများ၊ လာရောက်သုံးဆောင်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်က သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံ ယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင် ထုတ်လုပ်မှု” နည်းပညာသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာတို့မှ ဦးဆောင်ကျင်းပသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံ ယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြကုန်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံ ယိုအမျိုးမျိုးနှင့်ဖျော်ရည်ဝိုင်ထုတ်လုပ်မှု “နည်းပညာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိစေရန် ရည်ရွယ်၍ မွန်ပြည်နယ် သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာတို့မှ ဦးဆောင်ကျင်းပသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြကုန်းကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် မော်လမြိုင်မြို့ ကမ်းနားလမ်း၌ မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှုးမီးပန်းများ လွှတ်တင်ခြင်း ဆောင်ရွက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မီးပုံးပျံနှင့် မီးရှုးမီးပန်းများ လွှတ်တင်ခြင်းကို ယမန်နေ့ည (၈) နာရီအချိန်က ကမ်းနားလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြို့နယ် မိုးကောင်းဆုတောင်းပြည့်စေတီတော်၌ ပထမအကြိမ် ဆီမီး(၁၁၀၀)ထွန်းညှိပူဇော်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာရှိ မိုးကောင်းဆုတောင်းပြည့်စေတီတော်၌ ပထမဆုံးအကြိမ်အဖြင့် ဆီမီး ၁၁၀၀ ထွန်းညှိပူဇော်ပွဲကို ယမန်နေ့တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) ညနေပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်