မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပခဲ့သည်။

မော်လမြိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မော်လမြိုင်မြို့ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

၂၀၂၂- ခုနှစ်၊ နို၀င်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်"အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီအချိန် က ကျင်းပခဲ့သည်။

မော်လမြိုင်မြို့တွင် ထက်၊လယ်၊မူ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ က မော်လမြိုင်မြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ သက်ဆိုင်ရာလုပ်ငန်းများ၌ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ က ချောင်းဆုံ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာတွင် ပေါ်ဆန်းရင်မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းရာ (၈၈.၇၂)တင်းထွက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာအုပ်စု ကွင်းအမှတ်(၆၁၃) အကွက်အမှတ်(၂၀၉၉)ရှိ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးထားသည့် တောင်သူနည်းပညာပေး ပေါ်ဆန်းရင်မျိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ညနေ (၄)နာရီအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများ၊ ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ကျိုက်မရောမြို့နယ်၌ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီ အချိန်က အထကကျိုက်မရော ပညာ့အားမာန်ခန်းမ၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ(၄)ရွာအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား သီးနှံစိုက်ပျိုးရာသီအမီ စိုက်ပျိုးစရိတ်လုပ်ငန်း အဆင်ပြေစေရေးအတွက် ယနေ့နံနက်ကချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင်ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ်အနောက်၊ ကရင်ဝင်းစိန်နှင့် စော်ကဲကျေးရွာရှိ တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခဲ့သည်။

မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီး‌ဘေးလုံခြုံရေးစဉ်ဆက် မပြတ်ကွင်းဆင်း စစ်ဆေးဆောင်ရွက်

မော်လမြိုင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မီး‌ဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းကို ယမန်နေ့က အမှတ်(၁) ဈေးကြီးအတွင်း၌ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အသိပညာပေး(Talk Show)ပြုလုပ်

မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ် ခဲ့သည်။
Subscribe to မွန်ပြည်နယ်