မွန်ပြည်နယ်

သထုံမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အထက(၁)သထုံကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်မရော၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပပြုလုပ်

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများအား သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန် က အထက ကျိုက်မရော ပညာအားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မွန်ပြည်နယ် ကလေးသူငယ် အခွင့်အ‌ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်လူမှု၀န်ထမ်းရုံးအစည်းအဝေး ခန်းမတွင် ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတို့၏ တာဝန်ရှိသူများမှ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ ပူးပေါင်းပြီး ယနေ့နံနက် (၈)နာရီ အချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးTalk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာများ အသင်းတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာ‌စောင်နှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့ နံနက်က သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

မော်လမြိုင်မြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်နေ ပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ဘီးလင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် လူထုအခြေပြု ဗဟိုဌာန community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ သက်ဆိုင်ရာ လုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်