သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

သံဖြူဇရပ်    နိုဝင်ဘာ   ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။  

ရှေးဦးစွာ     မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်မိုး က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားနေ့ အခမ်းအနား  ကျင်းပမည့်  အစီအစဉ်၊  လျှပ်စစ်မီးရရှိမှု အခြေအနေ၊ ရုံးဌာနများ သန့်ရှင်းသာယာလှပရေးနှင့် အလင်းဖွင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ဘင်္ဂါလီများ တရားမဝင်ဝင်ရောက်မှု မရှိစေရေးနှင့် နယ်မြေဖြတ်ကျော်မှု မဖြစ်စေရေး တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်ကြရန်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ၊   မီးလောင်မှု မဖြစ်ပွားစေရေး၊     မီးဘေးလုံခြုံရေးနှင့် ရပ်ရွာအလိုက် မီးကင်းများထားရှိရေး၊  ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဖြစ်သည့် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး အပတ်စဉ် ဆောင်ရွက်ကြစေရေးနှင့်ရုံးဌာနများ၊  ရပ်ကွက်ကျေးရွာများမှ လုံခြုံရေးများကို အထူးအလေးထား ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်  ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို တင်ပြ  ဆွေးနွေးရာ  တာဝန်ရှိသူများမှ  ပြန်လည်ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်ဆက်)