ဘီးလင်းမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်များခင်းကျင်းပြသ

ဘီးလင်း နိုဝင်ဘာ ၂၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များခင်ကျင်းပြသခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဘီးလင်းမြို့နယ် အလူးအရှေ့ရွာလေး အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အသိဉာဏ်ကြွယ်ဝစေဖို့ကျောင်းစာအပြင် အားလပ်အချိန်များတွင် ပြင်ပဗဟုသုတ စာအုပ်များဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကိုအသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား ကလေးစာပေစာအုပ်များ ကိုလေ့လာဖတ်ရှုစေပြီး လူကုန်ကူးမှု ကာကွယ်တားဆီးရေး၊ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး၊ စိတ်ကြွရူးသွပ်ဆေးများ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကွမ်းစားသုံးခြင်းနှင့်စည်းကမ်းမဲ့ကွမ်းတံထွေးထွေးမှုများ ကျဆင်းပပျောက်ရေး အသိပညာနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ထူးနောင်(ပြန်ဆက်)