မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်၌ နွေရာသီ အင်္ဂလိပ်စာ Grammar ရေးသားနည်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ‌ နွေရာသီအင်္ဂလိပ်စာ Grammar ရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် ဖြေဆို

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကျိုက်ထိုမြို့နယ်၌ နွေရာသီ မြန်မာ့ရိုးရာ အ‌ခြေခံခြင်းလုံးခတ်နည်း သင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ နွေရာသီမြန်မာ့ရိုးရာအခြေခံ ခြင်းလုံးခတ်နည်းသင်တန်းကို ကျင်းပခဲ့သည်။

ပေါင်မြို့နယ်တွင် ကမ္ဘာ့သယံဇာတများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာအကြောင်း Talk Show ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သထုံခရိုင်   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်းကာ   အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ ၁၃၈၄ ခု မဟာသကြင်္န်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၁၃၈၄ခု မြန့်မာရိုးရာယဥ်ကျေးမှုမဟာသကြင်္န်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မွန်​ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့ ၂၀၂၃ခုနှစ် မတ်လ ၁၅ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်း တို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စစ်တုရင်သင်တန်းအခမဲ့ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးတို့ဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ စစ်တုရင်သင်တန်းကို အခမဲ့ဖွင့်လှစ်သည်။

မော်လမြိုင်ခရိုင်(Community Centre)၌ နွေရာသီအခြေခံအားကစားအေရိုးဗစ်သင်တန်းဆင်းပွဲကျင်းပ

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖြစ်သည့် အေရိုးဗစ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘီးလင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီအချိန်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်