မွန်ပြည်နယ်

နွေရာသီကျောင်းပိတ်ရက် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်များအတွင်း အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရောကျောင်း(ပညာအားမာန်)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို အများ ပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၉:၃၀)နာရီအချိန်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ မွန်ဓမ္မာရုံ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား လူငယ်များအား လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သံဖြူဇရပ်မြို့နယ် မွန်ဓမ္မာရုံခန်းမ၌ ကျင်းပခဲ့သည်။

ပညာမဏ္ဍိုင်လောကချမ်းသာ (ရွှေတိဂုံ ပုံတူ)စေတီတော်မြတ်ကြီး ရွှေထီးတော်တင် အလှူတော်မင်္ဂလာနှင့်ပိဋကတ်တိုက် ရေစက်ချ မင်္ဂလာကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ပိန်းန ကုန်းကျေးရွာ၊ ထားဝယ်ကျောင်း ဆရာတော် ဘဒ္ဒန္တဝါယမ၏ဆုံးမသြဝါဒကို ခံယူ၍ ရွှေဥသြကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍီတအား ရည်စူး ဦးထိပ်ထားလျက် ဘုရားဒါယကာမကြီး ဒေါ်အုံးသင် မိသားစု၊ တပည့်ဒါယကာ၊ ဒါယကာမများနှင့် (၇)ရက် သားသမီးအလှူရှင်များစုပေါင်း၍ “ပညာမဏ္ဍိုင် လောကချမ်းသာ စေတီတော်မြတ် ကြီးအား ရွှေထီးတော်တင်လှူပွဲမင်္ဂလာကို ယနေ့မွန်ပြည်နယ်နေ့နံနက် ၉ နာရီအချိန်က စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့၌ မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့မမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် ဝါခရူကျေးရွာ မိခင်နှင့်က​လေးစောင့်ရှောက်ရေးအသင်းကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတို့ သင်ယူပြီးမြောက်ကြောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းးအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အောင်ဇေယျရပ်ကွက် ​မြို့မမိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်၀န်ကြီးချုပ် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်း ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းအား တက်ရောက်ဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများ၊  ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကမ်းသာ ကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ မွန်ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် စီးပွားရေးရာ ဝန်ကြီးနိုင်လယိတမ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျောင်းသား/ သူများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် အသက် (၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်