ချောင်းဆုံမြို့နယ်တွင် Table-Top Exercise ​လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်

ချောင်းဆုံ ဧပြီ ၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ပူပြင်းခြောက်သွေ့သောကာလ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်လာပါက ချက်ချင်း တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ Table-Top Exercise ​လေ့ကျင့်သရုပ်ပြခြင်းကို ယနေ့ နံနက် (၈း၀၀)နာရီက ချောင်းဆုံအရှေ့ရပ်ကွက် (အ.ထ.က)ချောင်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် (၃) စီးဖြင့်လည်းကောင်း၊ အရံမီးသတ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမူကယ်ဆယ်ရေးအသင်းများမှ ပူးပေါင်းလေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံ(ပြန်/ ဆက်)