မွန်ပြည်နယ်

ကျိုက်မရော၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေရရှိစေရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရော၌  Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄ ခုနှစ်ပညာသင်နှစ်  Grade-5 သင်ရိုးသစ် မြို့နယ်အဆင့်  နောက်ဆုံးတွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မွန်ပြည်နယ်  ဒီဇင်ဘာလူထု အားကစားလ(စတုတ္ထအပတ်) စုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ

ားကစား လေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း”သည် အရွယ်သုံးပါးမရွေး လုပ်ဆောင်သင့်သည့် လေ့ကျင့်ခန်း အမျိုးအစားဖြစ်သည့်အားလျော်စွာ၊ မွန်ပြည်နယ်အတွင်း ပြည်သူများ လမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းကဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲအဆင်ပြေချောမွေစွာ ကျင်းပနိုင်ရေးအတွက် အခြေခံပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ (ထက်၊လယ်၊မူ)ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများအား စာမေးပွဲဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ချောင်းဆုံ(အထက)ကျောင်း သီရိရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မုဒုံမြို့၌ ရော်ဘာ အဖူးလှီး၊ အဖူးကူးနည်းသင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများမှ အခြေခံကျသော အသက်မွေး ဝမ်းကျောင်းပညာတစ်ရပ်ဖြစ်သည့် ရော်ဘာ အဖူးလှီး၊ အဖူးကူးနည်းပညာများကို သင်ကြာပေးခဲ့ရာ ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ ဒီဇင်ဘာလ(စတုတ္ထ)ပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထ)ပတ် အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်း‌လျှောက်ပွဲကို ယနေ့နံနက်က စုပေါင်းကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေး‌သိပ္ပံ(သထုံ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သထုံ)တို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် မြို့မမူလတန်းကြိုကျောင်းတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြို့မမူလတန်းကြိုကျောင်းတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့ အ.ထ.က၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက်  ၉ နာရီက အ.ထ.က. ကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ကျင်းပသည်။

မုဒုံမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးပညာသင်တန်းကျောင်း (မုဒုံ)တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်