မွန်ပြည်နယ်

မုဒုံမြို့တွင် မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ (၁)ရပ်ကွက် သင်္ဘောဦးရပ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ပါဝါဘန့်အားသွင်းထားရာမှ အပူလွန်ပြီး နေအိမ် (၄)လုံး မီးလောင်ဆုံးရှူံးသွားခဲ့ရာ ယမန်နေ့က မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ် တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနား တက်ရောက်

မော်လမြိုင်မြို့ နာဂဝီသတောင်တန်းတွင် တည်ထားကိုးကွယ်‌တော်မူသည့် ဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်း သစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ‌တော်အထိမ်းအမှတ် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲ အလှူတော်အစုစုအတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်း သစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဘုရားအမှူးပြုသော ပင့်သံဃာ (၁၀၁)ပါးတို့အား ဆွမ်းခြောက်များ လောင်းလှူကြသည်။

ကျိုက်မရော၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေး ညှိနှိုင်းဆွေးနွေး

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိုနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မုဒုံမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်​မွေးပညာ သင်တန်းကျောင်း (မုဒုံမြို့)တွင် ယနေ့ နံနက် ၁၀ နာရီက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ကျင်းပသည်။

သထုံမြို့ သုဝဏ္ဏဘူမိ ဘိုးဘွားရိပ်သာ ရာပြည့်ပွဲတော်အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရာပြည့်ပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်က နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။‌

၂၀၂၃-၂၀၂၄. ပညာသင်နှစ်၊အခြေခံပညာမူလ တန်းGrade-5 ပြီး​မြောက်ခြင်းဆိုင်ရာစာမေးပွဲ မြို့နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊  ကျိူက်မရော မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  အခြေခံပညာမူလတန်း(Grade-5 )ပြီးမြောက်ခြင်းဆိုင်ရာ စာမေးပွဲမြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီ အ.ထ.ကကျိုက်မရော (ပညာအားမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ လူနေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက် သင်္ဘောဦးရပ် ဘုရင့်နောင်လမ်းသွယ်(၁)လမ်းတွင်  ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ(၃:၃၀)အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ကော့ရွဲစေတီတော်မြတ် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် လှည့်လည်ပူဇော်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ကော့ရွဲစေတီတော်မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် လှည့်လည်ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

မုဒုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲ ဆိုင်ရာဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာဆွေနွေးပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ ပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် Grade-5 သင်‌ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် အခြေခံပညာဦးစီးဌာနမှ  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်