ကျိုက်မရောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးကြီးနှင့် လူစည်ကားရာနေရာများ၊ ဆိုင်ကယ် Taxi ဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။