မုဒုံမြို့၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။