မွန်ပြည်နယ်

သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၂၁) ကြိမ်မြောက် ထမနဲထိုး လှူဒါန်းပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၂၁) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုး လှူဒါန်းပွဲကို ယမန်နေ့က စေတီပရိဝုဏ်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။

မော်လမြိုင်မြို့၌  ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်မြို့သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့ခေတ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကြာကန်ရပ်ကွက်ရှိ အမှတ် (၂) ကြာကန်စျေးရှေ့နှင့် စျေးအတွင်းလူစည်ကားရာနေရာတို့တွင် ဖြန့်ဝေခဲ့သည်။

မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီအချိန်က မြို့မစျေးရှေ့၌ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများထံ ဖြန့်ဝေသည်။

မုဒုံမြို့နယ်တွင် ပိန်းပန်းပင်များကို စီးပွားဖြစ်စိုက်ပျိုးသူ များလာ

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပိန်းပန်းပင်များကို စီးပွားဖြစ်စိုက်ပျိုးရောင်းချသူများလာပြီး စျေးကွက်တွင် အရောင်းအဝယ်သွက်လာသည်။

၂၀၂၄ ခုနှစ်၊ နှစ် (၅ဝ) ပြည့်ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

၂၀၂၄ ခုနှစ်၊ နှစ် (၅ဝ) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ

သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသ ခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရွေ့လျားဒစ်ဂျစ်တယ်ဓါမှန်ကားဖြင့် ကွင်းဆင်းကျန်းမားရေး စစ်ဆေးကုသပေးနေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျားဒစ်ဂျစ်တယ်ဓါမှန်ကားဖြင့် ကွင်းဆင်းကျန်းမားရေး စစ်ဆေးကုသပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ​မော်လမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ စာသင်ရဟန်းသံဃာ​တော်များကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရွေ့လျားဒစ်ဂျစ်တယ် ဓါတ်မှန်​မော်​​တော်ယာဉ်ဖြင့် ကွင်းဆင်းကျန်းမားရေး စစ်ဆေးကုသပေးခြင်းကို ကြည့်ရှုအား​ပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောက်ရှောက်မှုပေးခြင်းနှင့်ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်