မွန်ပြည်နယ်

(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား သံဖြူဇရပ်၌ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီကကျောင်းပိုင်းရပ်ကွက်ရှိ မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပထမဟံသာဝတီ နေပြည်တော်ကြီးကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ်(၁၁၁၆)ခုနှစ် တပို့တွဲလဆုတ်(၁)ရက်နေ့အား မွန်အမျိုးသားနေ့အဖြင့် သတ်မှတ်ကာ မွန်အမျိုးသားနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကမာမိုကျေးရွာတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား(ဗဟို)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကျိုက်မရောမြို့နယ်၌ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၇)ကြိမ်​မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက်က ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်၌ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြို့မ (၃)ရပ်ကွက်ရှိ အာသောကာရာမဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။

(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ညနေက မွန်ပြည်နယ် မုဒုံမြို့ရှိ မြို့မ(၄)ရပ်ကွက်၌ ကျင်းပသည်။

ကျိုက်မရောမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူ့စစ်မူထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီက ကျိုက်မရောမြို့အဝင် လူစည်ကားရာနေရာဖြစ်သည့် ဟင်္သာရုပ်ထုအဝိုင်း၌ ပြုလုပ်သည်။

ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်း စတင်ဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းကို ယ‌မန်နေ့နံနက် (၈) နာရီက အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

သထုံမြို့၊ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် (ဆဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် (ဆဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်း ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်က အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့ ကန်ကလေးမြစေတီတောရကျောင်းရှိ ဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကန်ကလေးမြစေတီတောရကျောင်းရှိ ဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မုဒုံမြို့တွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကျရောက်မည့်  (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို မွန်ပြည်နယ် မုဒုံမြို့ရှိ မြို့မ(၄) ရပ်ကွက်၌ ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်