မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အလုပ်သမားဥပဒေများ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် အလုပ်သမားဥပဒေများ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်းများတက်ရောက်ခဲ့သည်။

မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကမ်းနားလမ်းတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ တိုးပွားလာစေရန်အတွက် ပညာပေး ဟောပြော‌ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းထက် ဦးဆောင်သောအဖွဲ့သည် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် အစိုးရ စက်မှု/လက်မှု သိပ္ပံ (မော်လမြိုင်)၌ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်တွင် ဖရဲသီးများ လှိုင်လှိုင်ထွက်ရှိ​ပြီး စျေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရေခံမြေခံကောင်းမွန်မှုကြောင့် ကျေးရွာများတွင် ဖရဲစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း လှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိကာ ဖရဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကမာဝက်မြို့တွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကျိုက်ဇယ်ဆံတော်ရှင်စေတီတော်ရှေ့၌ ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာရှိ အထင်ကရနေရာများတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ အထင်ကရနေရာ ဆေးတံကြီးအဝိုင်းနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ မွန်အမျိုးသားနေ့(တနင်္ဂနွေရုံးပိတ်ရက်)ဖြစ်သည်နှင့်အညီ စျေးဝယ်သူများ၊ အမှတ်တရဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိသည်။

ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို  ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီဘုရား၌ ယနေ့နံနက်က  ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ဂျိုးဖြူကုန်းပိုင်းရှိ မွန်ဓမ္မာရုံ၌ ယနေ့ နံနက်က အကျဉ်းချုံ့၍ ကျင်းပခဲ့ကြောင်း သိရသည်။

(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား သံဖြူဇရပ်၌ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီကကျောင်းပိုင်းရပ်ကွက်ရှိ မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပထမဟံသာဝတီ နေပြည်တော်ကြီးကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ်(၁၁၁၆)ခုနှစ် တပို့တွဲလဆုတ်(၁)ရက်နေ့အား မွန်အမျိုးသားနေ့အဖြင့် သတ်မှတ်ကာ မွန်အမျိုးသားနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကမာမိုကျေးရွာတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား(ဗဟို)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကျိုက်မရောမြို့နယ်၌ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၇)ကြိမ်​မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက်က ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်