မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေကြမှုအပေါ် ကြည့်ရှုအားပေး
မွန်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြိုပေါ်ရှိ အမှတ် (၁၂) ခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) နှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။