မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျေးဇူးတော်ရှင် ရွှေကျောင်း ဆရာတော် ဘဒ္ဒန္တပညာဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန၊ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ရွှေပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သက်တော် (၉၄) နှစ် သိက္ခာတော် (၇၅) ဝါရှိ၊

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်သည့် ဘုရားဖူး ပြည်သူများအား မွန်ရိုးရာအကဖြင့် ဖျော်ဖြေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာ‌ရောက်ဖူးမြော်သည့် ဘုရားဖူး ပြည်သူများအား မွန်ရိုးရာအကဖြင့် ဖျော်ဖြေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ဓလေ့မွန်မှုစာတမ်းဖတ်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ဓလေ့မွန်မှု စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ကျိုက်မရောဒေသထွက် မေမြို့ပန်းများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိ

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ၌  မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိကာ ပန်းစျေးလည်းကောင်း၍ စီးပွားဖြစ်ပန်းစိုက်တောင်သူများ မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ် (မြောက်) ကျေးရွာအုပ်စု၊ စက်မှုလယ်ယာမြေစနစ်ကျ လယ်ယာမြေစီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးတို့က နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားမုဒ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့ဈေး၌ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရုတ်တရက်မီးလောင်မှုဖြစ်ပွားလျှင် အရေးပေါ်ထားရှိသည့် မီးသတ်ဆေးဘူး၊ ပေါင်ဒါမှုန့်နှင့် ရေစိုအဝတ်အသုံးပြုနည်းတို့ကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာအရှင်သူမြတ်တို့အား အောင်လက်မှတ်၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့က က္ကစ္ဆာသယသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမှ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးဆောင်ပြီး (ထွေ/ အုပ်ဌာန၊ ဘေး/ စီမံဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ရွှေမြင့်မိုရ်ပရဟိတအသင်း) တို့မှပူးပေါင်းကာ မတ်လ(၈)ရက်နေ့ မွန်းလွဲ (၃) နာရီက ကွမ်သဲကျေးရွာ၊ရပ်ကွက် (၄) တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မွန်ပြည်နယ်  မုဒုံမြို့နယ်တွင်  မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာရှိ ဆန်ဝှေ့ယမ် သစ်ပါးလွှာစက်ရုံ၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်