မော်လမြိုင် မတ်လ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ယနေ့စတင်ကျင်းပပြုလုပ်နေသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်တွင် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း စသည့် စာစစ်ဌာန (၄) ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုခွင့် စာရင်းရှိသူ ကျား (၆၅၄) ဦး၊ မ(၈၃၃)ဦး၊ စုစုပေါင်း (၁၄၈၇) ဦးအနက် မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျား (၆၃၀) ဦး၊ မ(၈၁၈)ဦး၊စုစုပေါင်း (၁၄၄၈) ဦးရှိ၍ ပျက်ကွက်သူ ကျား (၂၄) ဦး၊ မ (၁၅) ဦး၊ စုစုပေါင်း (၃၉) ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၇.၃၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)