မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ​သင်္ကြန်အကျ​နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ​နေမှုများအား လိုက်လံကြည့်ရှုအား​ပေး

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အသီးသီးတွင် ​သင်္ကြန်အကျ​နေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ယမန်နေ့တွင် ရွှေဝင်းဝါဖူးရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအား​ပေးခဲ့ကြသည်။

ကျိုက်မရော မြို့နယ်၌ မြန်မာ့ရိုးရာယဥ် ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ကိုဧပြီ ၁၃ ရက်ညနေ ပိုင်းကဆုတောင်းပြည့် ဘုရားကြီးရှေ့ရှိ ဗဟိုမဏ္ဍပ် ၌ပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်(အကြိုနေ့)တွင် စတုဒိသာ ကျွေးမွေးလှူဒါန်းလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၅ ရက် ယမန်နေ့က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြိုနေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် အဟာရဒါနဖြစ်သည့် စတုဒိသာ ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် သင်္ကြန်အကြိုနေ့၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ​မော်လမြိုင်မြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသော မွန်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားတက်​ရောက်

မွန်ပြည်နယ်၊ မဟာသင်္ကြန်အချိန်အခါသာမရ မော်လမြိုင်မြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ကြီးမှူးကျင်းပသော မွန်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်ရိုးတန်းရှိ သာသနာ(၂၅၀၀)ကျောင်းတိုက်၊ ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ တက်​ရောက်သည်။

ချောင်းဆုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ  မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်နှင့်နီးသည့် ကျေးရွာများနှင့် နွေရာသီတွင် ရေရှားပါးသည့် ကွင်းရွာ/ကျေးရွာများရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က ချောင်းဆုံမြို့နယ်  ခရိုက်သစ်ကျေးရွာသို့ သွားရောက်လှူဒါန်းဖြန့်ဝေပေးခဲ့သည်။

မွန်ပြည်နယ်၀န်ကြီးချုပ် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို  စည်ကားသိုက်မြိုက်စွာ ဖဲကြိုးဖြတ်ဖွင့်လှစ်

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီးမပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ယနေ့အတာသင်္ကြန်အကြိုနေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဗဟိုမဏ္ဍပ်၌ကျင်းပခဲ့သည်။

ကျိုက်မရောမြို့မစျေးကြီး၌ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကို ကြိုဆိုရန် အတားအိုး အတာပန်းဝယ်ယူသူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ်ရှိ စျေးကြီး၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ကြိုဆိုရန်အတွက် မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အရ အတာအိုးဝယ်သူများ၊ အတာပန်းများ ဝယ်ယူသူများဖြင့် တိုးမပေါက်အောင် စည်ကားများပြားလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်၌ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ

မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းများကို အစဥ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်ကမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မ(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်