မွန်ပြည်နယ်

မဟာသင်္ကြန်အကြိုနေ့တွင် မုဒုံမြို့မှ ဘုရားစေတီပုထိုးများ၌ ကောင်းမှုကုသိုလ်ပြုသူများ စည်ကား

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် မဟာသင်္ကြန် (အကြိုနေ့) ၌ ဘုရားဖူးပြည်သူများ၊ တရားဘာဝနာပွားများသူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသည့် "သေသော်မတည့်သြော်ကောင်း၏" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Youth Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာချစ်စံဝင်းရေးသားသည့် “စိတ်ကောင်းရှိဖို့သည်ပထမ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ မြို့မသင်္ကြန်ယိမ်းအဖွဲ့များ အကအလှများဖြင့်ဖျော်ဖြေရန် ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များအတိုင်း အစဥ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်ရှိ ခေါပငံချောင်းအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ခေါပငံချောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို မတ် (၁၂) ရက်နေ့မှစတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့်ပြည်သူများအား နေ့စဥ်ရေဂါလံ (၂၆၇၅၀) ခန့် သွားရောက်လှူဒါန်းပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား နေ့စဥ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ (ဘဲရမ်း/ ကွမ်တာ) ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်၍ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပသည်။

မော်လမြိုင်မြို့ မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် သံဃာတော် (၁,၅၁၂)ပါးအား ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပ

မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် ရဟန်းသံဃာ (၁,၅၁၂)ပါး၊ ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်၊၊ ရှေးဦးစွာ အလှူရှင် ဦးသောင်းထွန်း၊ ဇနီးနန်းရို့စလင်းမိသားစုမှ ပင့်သံဃာရဟန်းနှင့် ရှင်သာမဏေများအား ဆွမ်းကပ်ခဲ့ကြကာ ကြွရောက်ချီးမြှင့်သော သံဃာတော်များမှ အန္တရာယ်ကင်း မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ကြပြီး နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ကြသည်၊၊ ဆက်လက်ပြီး ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ဘုရားရှိခိုးဖွင့်လှစ်ပြီး မြစေတီရဲကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ (၅)ပါးသီလခံယူ ဆောက်တည်ကြသည်၊၊

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

မုဒုံမြို့၌ ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်လျက်ရှိ

မွန်ပြည်နယ် မုဒုံမြို့၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဗဟိုရေကစားမဏ္ဍပ်ကို မြို့မ (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်း၌ ဆောက်လုပ်လျက်ရှိသည်။
Subscribe to မွန်ပြည်နယ်