မွန်ပြည်နယ်

သထုံမြိုနယ်၌ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား‌၊ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးဆိုင်ရာအသိအမြင်များ တိုးပွားလာစေရေးအတွက် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာခရိုင်အဆင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မေလ ၁၁ ရက်နေ့က တာပသွန်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ပေးသည်။

မုဒုံမြို့နယ် ပုပ္ပါရာမပေါ်တော်မူဘုန်းကြီးကျောင်းတွင် ကျောင်းဆောင်သစ်ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ ပုပ္ပါရာမပေါ်တော်မူဘုန်းကြီးကျောင်းတွင် မေလ ၁၁ ရက်နေ့က ကျောင်းဆောင်သစ်ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

သံဖြူဇရပ်မြို့၌ သောက်သုံးရေလှူဒါန်းခြင်းနှင့်ရေပုံးများ ဖြန့်ဝေပေးခြင်းလုပ်ငန်းဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းစဥ် ၃ ရပ်မှ ဘေးဒုက္ခကျရောက်သူများအား ကူညီသည့်လုပ်ငန်းအဖြစ် သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲသည် သောက်သုံးရေလှူဒါန်းခြင်းနှင့် ရေပုံးများဖြန့်ဝေပေးခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် စီးပွားဖြစ်မျိုးသန့် မျိုးစေ့များထုတ်လုပ်ခြင်းနှင့် မျိုးစေ့ထုတ် စိုက်ခင်းများအတွက် နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းနှင့် မျိုးစေ့ထောက်ပံ့ခြင်းများ ပြုလုပ်

ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ “လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့် သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ တောင်သူများ စိုက်ပျိုးထုတ်လုပ်ရာတွင် စွမ်းရည်မြင့််မားလာစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မိုးစပါးမျိုးစေ့များထောက်ပံ့ပေးခြင်းနှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ပွားများထုတ်လုပ်ခြင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များဆိုင်ရာ နည်းပညာပေးသင်တန်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၇၄)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၇၄)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ချောင်းဆုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဇီးကုန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများလက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပင်လယ်ကမ်းခြေကျေးရွာများသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေလျက်ရှိ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သောက်သုံးရေများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသော ကျေးရွာများအရောက် သောက်သုံးရေများ နေ့စဉ်ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့က ပင်လယ်ကမ်းခြေကျေးရွာဖြစ်သည့် ဇီးကုန်းကျေးရွာသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အ‌ခြေခံပန်းချီသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဖလား ကလပ်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်