အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂/၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ်(၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဦးစီးချုပ်(အရှေ့တောင်တိုင်းစစ်ဌာနချုပ်)၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ(၂)လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ အရာရှိအရာခံများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်သည်။