မွန်ပြည်နယ်

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပေါင်းရပ်ကွက်သို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ တိရစ္ဆာန်များမှကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း မြို့နယ်အဆင့်ညှိနှိုင်းဆွေးနွေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တိရစ္ဆာန်များမှကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း မြို့နယ်အဆင့်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ် စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ လဝက်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်- ရန်ကုန် ရထားခရီးစဉ်များအား တိုးချဲ့ပြေးဆွဲ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ မော်လမြိုင်-ရန်ကုန် အစုန်၊ အဆန် ရထားခရီးစဉ်များကို မေလ (၁၃) ရက်နေ့မှ စတင်ကာ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ မော်လမြို့င်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မွန်ပြည်နယ် ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

မုဒုံမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာရှိ မိုးစပါး (၃၀၀) ဧကအတွက် မျိုးစေ့များ ပံ့ပိုးပေးအပ်

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ (ဘဲရမ်း/ကွမ်တာ)ရှိ မိုးစပါး ဧက(၃၀၀)အတွက် မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဂိုထောင်၌ ပြုလုပ်သည်။

သထုံမြို့နယ်၌ တောင်သူနည်းပညာပေးဆွေးနွေးခြင်းနှင့် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအား တောင်သူနည်းပညာပေးဆွေးနွေးခြင်းနှင့် မျိုးစေ့ထုတ်တောင်သူများအတွက် RS မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်

မွန်ပြည်နယ်အတွင်း မျိုးဆက်သစ်အားကစား​သမားကောင်းများ​ ပေါ်ထွန်းလာ​စေ​ရန်နှင့် အားကစားနှင့်လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်​ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့ည​နေပိုင်းက မော်လမြိုင်မြို့၊ ​ကျောင်းသားအားကစားကွင်း၌ကျင်းပခဲ့ကြောင်း သိရသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အ‌ခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့၊ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံအင်္ဂလိပ်စာ သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်