မွန်ပြည်နယ်

ပေါင်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းများပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်တွင် သောက်သုံးရေခက်ခဲနေသည့် ပြည်သူများထံသောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သောက်သုံးရေ လိုအပ်ခက်ခဲနေသည့် ရပ်ကွက်/ ကျေးရွာ များထံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ယမန်နေ့ကသွားရောက်ပြီး ရေသယ်ယာဥ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးသည်။

အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် အမြန်မီးရထား လမ်းချော်မှုဖြစ်ပွား

အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်အမြန်ရထား စက်ခေါင်းအမှတ် (DF -2084) သည် ယမန်နေ့ နေ့လယ်ပိုင်းက ကျိုက်ထိုဘူတာနှင့် ကျိုက္ကသာဘူတာကြားတွင် လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေထုတ်ချေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို မေလ ၁၅ ရက်နေ့က သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့သည်။

ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်း(ဆင့်ပွား) သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုံးစာရေးသားနည်း (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် တွေ့ဆုံ

မွန်ပြည်နယ်အတွင်း ဘာသာပေါင်းစုံမှဘာသာဝင်အချင်းချင်း တစ်ဦး၏သဘောတရား၊ ယုံကြည်ချက်နှင့်ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွအေးချမ်းစွာ နေထိုင်နိုင်ကြစေရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တို့ တွေ့ဆုံခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏမှ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ် ၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းပြီးမြောက်အောင်မြင်အောင် စွမ်းစွမ်းတမံ သင်ကြားပေးခဲ့ကြသော နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုပွဲ အခမ်းအနား တက်​ရောက

မွန်ပြည်နယ် (၂ဝ၂၄) ခုနှစ် ၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းပြီးမြောက်အောင်မြင်အောင် စွမ်းစွမ်းတမံ သင်ကြားပေးခဲ့ကြသော နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုပွဲအခမ်းအနားကိုယနေ့နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ နည်းပြများနှင့်ကြီးကြပ်သူများ၊ စာသင်သားများ တက်ရောက်သည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Youth Club) အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာအောင်မိုးထက်ရေးသားသည့် "အောင်မြင်မှုဆီသွားတဲ့အခါ” စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်