မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ်အတွင်း မိုးရာသီလူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီလူထုဖြန့်ပျိုးပင်များ စနစ်တကပျိုးထောင်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအသင်း (Woman Club)တို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်း အဖြစ်စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း “စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ မိုးစပါးရာသီပေါ် ဆန်းရင် (RS-CS) စီးပွားဖြစ် မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီပေါ် ဆန်းရင် (RS-CS) စီးပွားဖြစ် မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS) မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့ နံနက် (၁ဝ) နာရီက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောခြင်း နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၈) နာရီက ပေါင်းရပ်ကွက်ဘုရားကြီးဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲများပြသဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် လူငယ်အသိပညာပေးဟော​ပြောခြင်းနှင့် နံရံကပ်၊ ဓါတ်ပုံ၊ စာအုပ်ပြပွဲပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ် (၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရား၏ ၁၃၈၆ခု(ကဆုန်လပြည့်၊ဗုဒ္ဓနေ့)အခမ်းအနားနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်၊ နှစ်ကျိတ်ရှစ်ဆူဘုရားရုပ်ပွါးတော်များမြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင် ပြုလုပ်သည်။

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှု ဆိုင်းဘုတ်တင်ခြင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှု ဆိုင်းဘုတ်တင်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ‌ အ.ထ.ကကျောင်းများတွင် ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ သိန်း (၁၅၀၀) ကျော် ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ စိုက်ပျိုးရေး၊ မွေမြူးရေးနှင့် အသေးစား ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းသားများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ တစ်ထောင်ငါးရာကိုးဆယ့်နှစ်သိန်း ခြောက်သောင်းတစ်ထောင်ကျပ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ် ပြိုင်ပွဲများပြုလုပ်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ် ပြိုင်ပွဲများပြုလုပ်ပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်