မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း  ​ချောင်းဆုံမြို့နယ်၊ အခြေခံပညာစာသင်ကျောင်းများရှိ စာသင်​ကျောင်း​ဆောင်များ ပြန်လည်ပြုပြင်နိုင်​ရေး ကြည့်ရှုစစ်​ဆေး၊ ဆံ​တော်ရှင် ကျိုက်တ​မော့လဲ့ ​စေတီ​တော်မြတ်ကြီးကို ဖူး​မြော်ကြည်ညို

မွန်ပြည်နယ်အတွင်း အ​ခြေခံပညာစာသင်​ကျောင်းများတွင် ​ကျောင်းသူ​ကျောင်းသားများ အဆင်ပြေ​ချော​မွေ့စွာ သင်ကြားနိုင်​ရေးအတွက် လိုအပ်သည့်ကျောင်း​ဆောင်သစ်များ တည်ဆောက်ခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်းနှင့် သင်​ထောက်ကူပစ္စည်းများ ​​ထောက်ပံ့​ပေးခြင်းဖြင့် အဖက်ဖက်မှဖြည့်ဆည်း​ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်၌ (၂၅)နှစ်မြောက်ငွေရတု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်ကြားရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၅)နှစ်မြောက်ငွေရတု မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟံသာထောကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မွန်အမျိုးသားအလံအား အလေးပြုခဲ့ကြသည်။

မွန်ဒေသလုံးဆိုင်ရာ ငွေရတု (၂၅) ကြိမ်မြောက် မွန်အဘိဓမ္မာတန်းနှင့် မွန်သမိုင်းတန်း စာမေးပွဲ စတင်ဖြေဆို

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ငွေရတု (၂၅) ကြိမ်မြောက် မွန်အဘိဓမ္မာတန်းနှင့်မွန်သမိုင်းတန်း စာမေးပွဲအခမ်းအနားကို ယမန်နေ့လယ်ပိုင်းက မော်လမြိုင်မြို့ သာသနာ(၂၅၀၀)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မွန်အမျိုးသားအလံအား အလေးပြုခဲ့ကြသည်။

မိုးရာသီကာလအတွင်း မိုးကာအုပ်အစေးခြစ်ခြင်းစနစ်က ရော်ဘာအစေးခြစ်ရက် ပိုမိုရရှိနိုင်

ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းများသာမက ပြည်ပပို့ကုန်များအတွက် အရေးပါသော စက်မှုကုန်ကြမ်းဖြစ်သော်လည်း ရော်ဘာအစေးခြစ်ခြံအများစုမှာ မိုးများသောကာလများ၌ အစေးခြစ်ခြင်းများကို ရပ်နားထားရပြီး အစေးခြစ်ရက်ယူနိုင်သောကာလ လျော့နည်းသည့်အတွက် အထွက်နှုန်းလည်း သိသိသာသာလျော့နည်းလာသည်။

နိုင်ငံ​တော်သံဃမဟာနယကအဖွဲ့၏ ဗုဒ္ဓဘာသာယဥ်​​ကျေးမှုစာမေးပွဲ သံဖြူဇရပ်မြို့နယ်တွင်​ စတင်​ဖြေဆို

နိုင်ငံ​​​တော်သံဃမဟာနာယကအဖွဲ့မှကြီးမှူးကျင်းပသည့်၊ ၁၃၈၆ ခုနှစ် (၃၉) ကြိမ်​မြောက် ဗုဒ္ဓဘာသာယဥ်​ကျေးမှုစာ​မေးပွဲကို ယမန်​နေ့မွန်းလွဲ (၁) နာရီအချိန်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သံဖြူဇရပ်မြို့ မြို့​တော်ဦး ပရိယတ္တိစာသင်တိုက်စာ​ဖြေဌာန၊ ကရုပ္ပိ​ကျေးရွာစာဖြေဌာနနှင့် ထင်းရူး​ကျေးရွာစာ​ဖြေဌာန စုစုပေါင်းစာဖြေဌာန (၃) ခုတို့တွင် စတင်ဖြေဆိုသည်။

မုဒုံမြို့၌ (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲစတင်ဖြေဆို

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်)မှ ကြီးမှူးကျင်းပသော (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို မွန်ပြည်နယ် မုဒုံမြို့နယ်ရှိစာဖြေဌာန (၄)ခုတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။

သထုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကျင်းပပေးခဲ့သည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြိုနယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး 

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 

မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ရွှေမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုက မော်လမြိုင်ခရိုင်အတွင်းရှိ အဓိကပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းများဖြစ်သည့် လမ်းခင်းကျောက်ထုတ်လုပ်ခြင်း၊ ခနောက်စိမ်းသန့်စင်ခြင်းလုပ်ငန်း၊ ခရမ့်ရာဘာလုပ်ငန်းများအပြင် စက်မှုဆိုင်ရာလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပတ်ဝန်းကျင်ရှုထောင့်ကပါ ကြည့်ရှုထိန်းသိမ်းကြပ်မတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
Subscribe to မွန်ပြည်နယ်