မွန်ပြည်နယ်

ပေါင်မြို့နယ်တွင် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သူများနှင့် ဘုရားစေတီဖူးမြော်သူများဖြင့် စည်ကားလျက်ရှိ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ယမန်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ညောင်ရေသွန်းလောင်းသူများနှင့် ဘုရားလာဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၊ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့်အခမ်းအနား၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတက်ရောက်

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပါယ်တော်မူရာ ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တာဝန်ရှိသူများတက်ရောက်သည်။

သထုံရွှေစာရံစေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့ ကျက်သရေဆောင်လေးဆူဓာတ်စံရွှေစာရံစေတီတော် မြတ်ကြီး၏ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနားကို ယမန်နေ့၊ နံနက်က စေတီတော်မြတ်ကြီး ရင်ပြင်တော်စနေထောင့်ရှိ ဗောဓိညောင်ပင်အနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ မိုးစပါးစီးပွားဖြစ် မျိုးသန့်(RS – CS) ဧက ၅၀ ထုတ်လုပ်နိုင်ရေးအတွက် တောင်သူများအား မျိုးစေ့ထောက်ပံ့

မွန်ပြည်နယ် မုဒုံမြို့နယ်၌ (၂၀၂၄)ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် (RS-CS) စီးပွားဖြစ် မျိုးသန့်မျိုး​စေ့ထုတ် ဧက(၅၀) ထုတ်လုပ်နိုင်ရေးအတွက် အကျိုးဆောင်တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို မေ ၂၁ ရက်နေ့က စိုက်ပျိုးရေးဦးစီးဌာန ဂိုထောင်၌ ပြုလုပ်ခဲ့သည်။

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မုဒုံမြို့နယ်ရှိ ဘုရားပုထိုးစေတီများတွင် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကား

ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မွန်ပြည်နယ် မုဒုံမြို့ရှိ တန်ခိုးကြီးဘုရားစေတီများနှင့် အထင်ကရနေရများတို့၌ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့်  မေလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)တို့ပူးပေါင်း၍  စာရေးဆရာမောင်မိုးယံရေးသားသည့် “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၄ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်‌ချေးပေးခဲ့ရာ တောင်သူများအေးချမ်းစွာ ‌လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီက  မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မော်လမြိုင်​မြို့၌ တောင်သူများအား မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေစတင် ထုတ်ချေးပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မော်လမြိုင်ခရိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍  ထုတ်ချေးပေးနေလျက်ရှိသည်။

သထုံမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်