မွန်ပြည်နယ်

မော်လမြိုင်မြို့၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောင်းသား၊ကျောင်းသူများ အပြောစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖက်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ စာကြည့်တိုက်ဖောင်ဒေးရှင်းမှတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။

မော်လမြိုင်မြို့တွင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

အလုပ်သမား၀န်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုဖူလုံရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် တောင်သူများအား ၂၀၂၄ ခုနှစ် သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်၌ လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများအနေဖြင့် မိုးကြိုကာလအတွင်းဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ်တို့ကြောင့် ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ယမန်နေ့ နံနက်က ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံသတိပေးနှိုးဆော်ခဲ့ကြသည်။

သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၄ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ယနေ့ နံနက်က သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်‌ချေးပေးခဲ့ရာ တောင်သူများအေးချမ်းစွာလာရောက် ထုတ်ယူလျက်ရှိကြောင်းသိရသည်။

သံဖြူဇရပ်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ကျိုက်မရောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခွဲ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ခု နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ထုတ်ချေးပေးလျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း  ​ချောင်းဆုံမြို့နယ်၊ အခြေခံပညာစာသင်ကျောင်းများရှိ စာသင်​ကျောင်း​ဆောင်များ ပြန်လည်ပြုပြင်နိုင်​ရေး ကြည့်ရှုစစ်​ဆေး၊ ဆံ​တော်ရှင် ကျိုက်တ​မော့လဲ့ ​စေတီ​တော်မြတ်ကြီးကို ဖူး​မြော်ကြည်ညို

မွန်ပြည်နယ်အတွင်း အ​ခြေခံပညာစာသင်​ကျောင်းများတွင် ​ကျောင်းသူ​ကျောင်းသားများ အဆင်ပြေ​ချော​မွေ့စွာ သင်ကြားနိုင်​ရေးအတွက် လိုအပ်သည့်ကျောင်း​ဆောင်သစ်များ တည်ဆောက်ခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်းနှင့် သင်​ထောက်ကူပစ္စည်းများ ​​ထောက်ပံ့​ပေးခြင်းဖြင့် အဖက်ဖက်မှဖြည့်ဆည်း​ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်၌ (၂၅)နှစ်မြောက်ငွေရတု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်ကြားရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၅)နှစ်မြောက်ငွေရတု မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟံသာထောကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မွန်အမျိုးသားအလံအား အလေးပြုခဲ့ကြသည်။

မွန်ဒေသလုံးဆိုင်ရာ ငွေရတု (၂၅) ကြိမ်မြောက် မွန်အဘိဓမ္မာတန်းနှင့် မွန်သမိုင်းတန်း စာမေးပွဲ စတင်ဖြေဆို

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ငွေရတု (၂၅) ကြိမ်မြောက် မွန်အဘိဓမ္မာတန်းနှင့်မွန်သမိုင်းတန်း စာမေးပွဲအခမ်းအနားကို ယမန်နေ့လယ်ပိုင်းက မော်လမြိုင်မြို့ သာသနာ(၂၅၀၀)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မွန်အမျိုးသားအလံအား အလေးပြုခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်