မွန်ပြည်နယ်

သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယမန်နေ့နံနက်က စတင်နေပြီဖြစ်ရာ ကျောင်းသားကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံလျက်ရှိပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မော်လမြိုင်မြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်နှင့် သူနာပြုများအတွက် အရေးပေါ်ကုသမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဆရာဝန်နှင့် သူနာပြုများအတွက် အရေးပေါ်ကုသမှုသင်တန်း (Emergency Care Training for Medical Officers and Nurses) သင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ

ကျိုက်မရောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်လက်ခံ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ လက်ခံဆောင်ရွက်ပေးနေပြီးဖြစ်​ရာ အ.ထ.က ကျိုက်မရော၌ ကျောင်းလာရောက်အပ်နှံသူ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/သူ များအား ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်၊ လယ်၊ မူ) ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်ကျောင်းများတွင် တစ်ပြိုင်တည်း ကျောင်းအပ်လက်ခံနေပြီး ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက်ရောက်

ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၆)စစ်ရေယာဉ်စု အကူရေယာဉ်အုပ်(မော်လမြိုင်သင်တန်းစခန်း)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ ‌အ‌ခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ‌အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လက်ခံဆောင်ရွက်ပေးသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့၌) သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပဂာအဖွဲ့တို့မှ ဦးဆောင်၍ ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ် ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သာသနာ့ဗိမ္မာန်ဝင်းအတွင်းရှိ ဗောဓိညောင်ပင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

သထုံရွှေစာရံစေတီတော်မြတ်ကြီး ဗောဓိညောင်ပင်၌ ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ညောင်ရေသွန်း

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေ‌ဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ညောင်ရေသွန်းပွဲတော်ကို စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ‌ဗောဓိညောင်ပင်၌ အစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ကုသိုလ်ယူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်