မွန်ပြည်နယ်

ဘီးလင်းမြို့နယ်အတွင်းရှိ Mobile Libraty စနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နေ့လယ်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့သွားရောက်၍ Mobile Libraty စနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း တက်ရောက်လိုသူများအား လျှောက်လွှာခေါ်ယူ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းကို အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်၍ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့မှစတင်၍ လျှောက်လွှာခေါ်ယူလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ ‌အ‌ခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ‌အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းမှ ဆက်လက်လက်ခံဆောင်ရွက်ပေးသည်။

သံဖြူဇရပ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သံဖြူဇရပ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့နယ်အတွင်းရှိ ‌အ‌ခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ‌အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းမှ ဆက်လက်လက်ခံဆောင်ရွက်ပေးသည်။

မော်လမြိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံနိုင်ရေး စတင်လက်ခံ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးသူငယ်များအားလုံး ပညာသင်ယူနိုင်ရေးအတွက် မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ ခုနှစ်၊ မေလ(၂၃)ရက်နေ့မှစတင်၍ သက်ဆိုင်ရာကျောင်းများတွင် ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ အခြေခံမွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ပြည်သူများအနေဖြင့် မွေးမြူရေးများဆောင်ရွက်ရာတွင် စနစ်တကျ မွေးမြူထုတ်လုပ်နိုင်ပြီး ဒေသတွင်းဝမ်းစာဖူလုံ၍ ဝင်ငွေတိုးစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေးပညာပေးသင်တန်းကို မေလ (၂၃) မှ (၂၄) ရက်နေ့ထိ (၂) ရက်ကြာ ကွမ်သဲကျေးရွ အုပ်ချုပ်ရေးမှူးရုံးတွင် သင်တန်းဖွင့်လှစ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများစတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီအခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ လက်ခံပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံ​ခြင်းများဆောင်ရွက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်သူများအား ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့် အညီအခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ လက်ခံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်