မွန်ပြည်နယ်

မုဒုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို မေလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်လုံးကျွတ်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်မော်လမြိုင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယနေ့က ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ အိမ်တွင်းလက်မှု ပညာရပ်တစ်ခုဖြစ်သည့် ဝါးခမောက်များ အရောင်းသွက်

မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံ-လက်တတ်ကျေးရွာတွင် အိမ်တွင်းလက်မှုပညာတစ်ရပ်ဖြစ်သည့် ဝါးခမောက်များကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချရာ ယခုနှစ် မိုးဦးကျကာလ၌ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မ (၄)ရပ်ကွက်ရှိ ကန်ကြီးမြန်မာသုဿာန်ဝင်းအတွင်း၌ ပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် အ‌ခြေခံပညာ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာ (Grade-9) အောင်မြင်ပြီးသော ကျောင်းသား၊ကျောင်းသူများ တက်ရောက်နိုင်ရန် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခွဲဖျက်ဆီးခံရသည့် မစောတံတားယာယီပြင်ဆင်နေမှုပြီးစီး၍ ယာဉ်ငယ်များ စတင်ဖြတ်သန်းခွင့်ပြု

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာအနီးရှိ တံတားအမှတ် (၁/၁၃၀) မစောတံတားအား မေလ ၂၃ ရက်နေ့တွင် KNUနှင့်အကြမ်း ဖက်PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခံရသည့်အတွက် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်းများ ဖြစ်ပေါခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စိန်ပန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ပေါင်) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

မုဒုံမြို့နယ်တွင် နွေစပါး (၁၃၇၆) ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါး စိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် အဇင်းဆည်၊ ဝင်းဖနုံဆည်ရေများဖြင့် နွေးစပါးစိုက်ဧက (၁၃၇၆ ) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်