မွန်ပြည်နယ်

သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည့် သထုံမြို့နယ်ကိုယ်စားပြုအသင်းအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် သထုံမြို့နယ်ကိုယ်စားပြုအသင်းအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ် အ.ထ.က(ကန်သာယာ)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊​မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဘီးလင်းမြို့၊ အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း နဝဒေးခန်းမ၌ကျင်းပရာ သထုံခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်လူငယ်သင်တန်းကျောင်း ကျောင်းသားအိပ်ဆောင် RC(၁)ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောက်လုပ်သော မော်လမြိုင်လူငယ်သင်တန်းကျောင်း ကျောင်းသားအိပ်ဆောင် RC(၁)ထပ် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယ​မန်နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ (၃၀) ရက်နေ့ နံနက် (၉) နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

မုဒုံမြို့နယ်တွင် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရကာ စိုက်ပျိုးသူများအဆင်ပြေ

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ်ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိကာ ယခင်နှစ်များထက် စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

ကျိုက်မရောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ.ထ.ကကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် အားကစားကဏ္ဍ​တိုးတက်အောင်မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်အားကစားသမားများကို ​ပြုစုပျိုး​ထောင်​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့၊ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ သထုံမြို့နယ်ဘောလုံးအသင်းနှင့် ​​ချောင်းဆုံမြို့နယ် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်​ကစား​​နေမှုကို ကြည့်ရှုအား​ပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်