မွန်ပြည်နယ်

မုဒုံမြို့၌ စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက စိစစ်ကြပ်မတ် ဆောင်ရွက်သည်။

ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း အသိပညာပေးဆွေးနွေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် ဒေသထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဒေသခံတောင်သူများသည် နှစ်ရှည်ဥယျာဉ်ခြံများနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်း‌ကြောင်းပြုလုပ်လျက်ရှိပြီး ယခုလတွင် ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိကာ ဒူးရင်းစိုက်တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

မုဒုံမြို့နယ် စိမ်းလန်စိုပြည်ရန်အတွက် အရိပ်ရသစ်ပင်များစိုက်ပျိုး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် စိမ်းလန်းစိုပြည်ရန်အတွက် အရိပ်ရသစ်ပင်များကို ယနေ့ နံနက် ၈ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးရွာအဝင်လမ်းတစ်လျှောက်၌ စိုက်ပျိုးခဲ့သည်။

မုဒုံမြို့တွင် ဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် (၃၅၀၀၁) ကျပ်သိန်းကို ထုတ်ချေးပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၂၀၂၄ - ၂၀၂၅) ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မေ (၂၀) ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ကျိုက်မရောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများရွေးချယ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာများရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီး ကန်ရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန် ငါးသယံဇာတ ပေါကြွယ်ဝစေရန် ၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်၍ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးမျိုးများ ပွားများလာစေရန်အတွက် ရည်ရွယ်၍ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ချောင်းဆုံမြို့နယ် ချောင်းဆုံအနောက်ရပ်ကွက် မဟာကန်တော်ကြီး ကန်ရေပြင်တွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။

မုဒုံမြို့နယ်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေ

မွန်ပြည်နယ် မုဒုံမြို့အတွင်းရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနားပတ်ဝန်းကျင်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျိုက်မရောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုးရာသီရောက်ရှိလာပြီးဖြစ်၍  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများဦးဆောင်၍ ကျိုက်မရောမြို့ပေါ်၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် Abate ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီ တွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့်ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် သ/မဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်