မွန်ပြည်နယ်

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပညာသင်နှစ်အလိုက် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများ စတင်ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများကို ယနေ့နံနက်မှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီးခံရသည့် ဘီးလင်းမြို့၊ မစောတံတားအား သံဘေလီတံတား တပ်ဆင်နေမှုပြီးစီး၍ ဘေလီတံတားပေါ်မှ ယာဉ်ကြီးများ ဖြတ်သန်းခွင့်ပြု

မွန်​ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်ကလေးကျေးရွာအနီးတွင် မေလ ၂၃ ရက်နေ့က KNU နှင့် အကြမ်းဖက် PDF အဖွဲ့များမှ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတား၏ အကျယ် ၁၆ ပေ၊ အလျား ၅၀ ပေခန့်ရှိပျက်စီးသည့်အခြမ်းအား ယာယီသံဘေလီတံတားတပ်ဆင်တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် ယမန်နေ့ ညနေ ၆နာရီအချိန်မှစ၍ သံဘေလီတံတားပေါ်မှယာဉ်ကြီး၊ ယာဉ်ငယ်များကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာ(ထက်၊လယ်၊မူ)ကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်ရိုးညွှန်တန်းများ သင်ကြာပို့ချခြင်းကို ဇွန်လ (၂) ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်ကျောင်းများတွင် ကျောင်းသား/သူများ အေးချမ်းစွာတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ သက်ဆိုင် ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရ မွန်ပြည်နယ် ပိုက်ကျော်ခြင်း အသင်းအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရ မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အောင်ပွဲရ မွန်ပြည်နယ်ပိုက်ကျော်ခြင်းအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အားကစားမြှင့်တင်ခြင်းသည် နိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်တည်ဆောက်ခြင်းဖြစ်သည်၊ အားကစားအောင်နိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို တိုးတက်မြင့်မားသည်ဟူသော ခံယူချက်ဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ်မှာ အားကစားကို

မုဒုံမြို့နယ်၌ မိုးစပါးစိုက်ဧက ခုနှစ်သောင်းကျော် စိုက်ပျိုးသွားမည်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့တွင် စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေးအတွက် ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် ၂၀၂၄ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သထုံမြို့နယ် တံတားဖြူချောင်းအတွင်း ငါးသားပေါက် ကောင်ရေ သုံးသောင်း ငါးမျိုးစိုက်ထည့်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတ‌များတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှု ဖူလုံရေးအတွက် ယနေ့နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ကော့သံကျေးရွာရှိ တံတားဖြူချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ သုံးသောင်းကို မျိုးစိုက်ထည့် ပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း - နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်