မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မုဒုံမြို့နယ်၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ညောင်ကုန်း၊ ကမာအုပ်ကျေးရွာနေ တောင်သူများအား ထုတ်ချေးပေးသည်။

ပေါင်မြို့နယ်၌ (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စား‌ရေးကိရိယာထောက်ပံ့ခြင်းနှင့် အာဟာရတိုက်ကျွေးခြင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးကိရိယာထောက်ပံ့ပေးခြင်းနှင့် အာဟာရများတိုက်ကျွေးခြင်းကို ယနေ့က ကဒုံစီးရပ်ကွက်နှင့်ပေါင်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့ အ.မ.က ကော်ခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ အ.မ.က(ကော်ခြံ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ချောင်းဆုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေမှ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း မုရစ်ကြီးအရှေ့ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများ၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

မုဒုံမြို့၌ Gender/CEDAW/NSPAW ဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာနက ဖွင့်လှစ်သော GENDER/ CEDAW/ NSPAW အသိပညာပေးသင်တန်းကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း (သင်္ဘောဦး)၌ ကျင်းပခဲ့သည်။

မုဒုံမြို့တွင် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်သား/သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က(ကော့ဟပရောက်) စာသင်ကျောင်း၌ ဆောင်ရွက်သည်။

ပေါင်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့ အစေ့ချစိုက်ပျိုးပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက သဲဖြူကုန်းကျေးရွာ  တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

မော်လမြိုင်မြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to မွန်ပြည်နယ်