မုဒုံမြို့နယ်၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

မုဒုံ ဇွန် ၂၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ညောင်ကုန်း၊ ကမာအုပ်ကျေးရွာနေ တောင်သူများအား ထုတ်ချေးပေးသည်။

ဦးစွာ မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးယဥ်ဋ္ဌေးက စိုက်ပျိုး စရိတ်ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လိုအပ်ကြောင်း၊ ယခင်နှစ်များက ချေးငွေများ အပြေအကျေပြန်လည်ဆပ်ပြီးသည့် တောင်သူတစ်ဦးလျှင် လယ်တစ်ဧက ၁၅၀,၀၀၀ နှုန်း လယ် ၁၀ ဧကအထိ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့်  ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ညောင်ကုန်းကျေးရွာရှိ တောင်သူ(၄၆)ဦး၏ လယ်ဧက (၄၀၃) ဧကအတွက် ချေးငွေကျပ် (၆၀၄ ဒသမ ၅) သိန်းကို လည်းကောင်း၊ ကမာအုပ်ကျေးရွာရှိ တောင်သူ (၆၁)ဦး၏ လယ်ဧက (၄၁၅)ဧကအတွက် ချေးငွေကျပ် ( ၆၂၂ ဒသမ ၅) ကိုလည်းကောင်း ကျေးရွာနှစ်ရွာအား စုစုပေါင်း ချေးငွေကျပ် (၁၂၂၇)သိန်းကို စနစ်တကျ ထုတ်ချေးပေးခဲ့သည်။

မုဒုံမြို့နယ်တွင် မိုးစပါးချေးငွေများကို ရပ်ကွက်/ကျေးရွာ (၄၂)ရှိ တောင်သူ ၃၀၃၈ ဦး၏ လယ်ဧက ၂၃၃၃၄ ဧကအတွက် ချေးငွေကျပ်စုစုပေါင်း ၃၅၀၀၁ သိန်းကို စတင်ဘာလကုန် အထိ ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)