ပေါင်မြို့နယ်၌ (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စား‌ရေးကိရိယာထောက်ပံ့ခြင်းနှင့် အာဟာရတိုက်ကျွေးခြင်း ပြုလုပ်

ပေါင် ဇွန် ၂ဝ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးကိရိယာထောက်ပံ့ပေးခြင်းနှင့် အာဟာရများတိုက်ကျွေးခြင်းကို ယနေ့က ကဒုံစီးရပ်ကွက်နှင့်ပေါင်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာရေးကိရိယာထောက်ပံ့ခြင်းကို ကဒုံစီးရပ်ကွက် မြစိမ်းရောင်လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်မှ အသင်းသားများ၏ ကျောင်းနေသားသမီး(၁၁၇)ဦးကို ကျောင်းသုံးဗလာစာအုပ်(၇၇)ဒါဇင်ကိုလည်းကောင်း၊ ဘောပင်(၁၁၅)ချောင်းကိုလည်းကောင်း၊ ခဲတံ(၂၅၀)ချောင်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပေါင်းရပ်ကွက်မူလတန်းကြိုကျောင်းတွင် အာဟာရဖြည့်စွက်စာများဖြစ်သည့် ပဲနို့နှင့်မုန့်များကိုကလေးငယ်(၆၀)ဦးအား မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ လှူဒါန်းခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)