မွန်ပြည်နယ်အတွင်း ဘုရား၊ စေတီ၊ ပုထိုးများနှင် သာသနိက အဆောက်အဦများတွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်ပြီး အများပြည်သူများ စိတ်အေးချမ်းမြေ့စေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ခြုံနွယ်များ၊ မြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓမ္မဗိမာန်တော်ကြီးအတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေခြင်းအပေါ် ကြည့်ရှုအားပေးသည်။